Skip to main content

Command Palette

Search for a command to run...

Clubhouse ဆိုတာ ဘာလဲ?

Updated
3 min read
Clubhouse ဆိုတာ ဘာလဲ?

Clubhouse လို့ပြောလိုက်ရင် အခုအချိန်မှာ တော်တော်များများက မသိကြသေးပါဘူး။ အဲ့တာဘာကြီးလဲ လို့ မေးလာခဲ့သည်ရှိသော် ရှင်းပြရရင် အသံနဲ့ပဲ စကားပြော/နားထောင် လို့ရမယ့် application တစ်ခုလို့ပဲ ပြောရမယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ clubhouse ကို သိတာ မကြာသေးပါဘူး လ ပိုင်းပဲ ရှိပါသေးတယ်။ ကုမ္ပဏီက Learning session မှာ သူဌေးက ပြန်ဝေမျှမှ ကြားဖူးတာပါ။ အဲ့ကျမှ ဪ Elon Musk တောင် join လာတယ်ဆိုတဲ့ ဟာပါလားလို့ သိရတာ။

အခုအချိန်ထိ Clubhouse ဟာ စမ်းသပ်ဆဲ အခြေအနေနဲ့ iOS မှာပဲ ရပါသေးတယ်။ ဘာကြောင့် iOS တွေမှာပဲ ပေးသေးတာလဲဆိုတာကတော့ ကျွန်တော်လည်း မပြောပြတတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေအရကတော့ Android လောက် အသုံးပြုသူမများစေချင်ပဲ လူနည်းနည်းကနေပဲ စမ်းသပ်သွားချင်တဲ့ သဘောကိုတော့ မြင်ရပါတယ်။ ဘာလို့လဲဆိုရင် iPhone ကိုင်တဲ့သူတိုင်း တောင်မှ သုံးလို့မရသေးပါဘူး ဖိတ်ခေါ်တဲ့သူ ရှိမှသာ account ဖွင့်လို့ရမှာပါတဲ့ဗျာ။

ဟုတ်ပါတယ် နည်းနည်းတော့ ခွဲခြားခွဲခြားနဲ့ ရင့်သီးသလိုရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုသိသိခြင်း အဲ့တာဆိုလည်း မသုံးဘူးပေါ့ကွာဆိုပြီး နေခဲ့ပါတယ်။ တစ်ရက်မှာတော့ ကုမ္ပဏီက ည ၁၀ နာရီလောက်မှာ Clubhouse ကနေ စကားပြောကြမယ်ဆိုပြီး လုပ်ပါတယ်။ ကျွန်တော်က register မလုပ်ရသေးကြောင်းပြောတော့ သူဌေးက invite ပေးတာနဲ့ join ဖြစ်သွားပါတယ်။

Invite လုပ်ခံရတဲ့အခါ phone number ကို ဒီလို message ဝင်ပါတယ်

ဘာလို့ နာမည်ကြီးနေရတာလဲ

သူက စ လုပ်ခဲ့တာက လွန်ခဲ့တဲ့ တစ်နှစ် March 2020 ကိုဗစ် အမေရိကန်ကို ရောက်ခဲ့တဲ့အချိန် ဝန်းကျင်နားမှာပဲစပြီး launch လုပ်ခဲ့တာလို့ သိရပါတယ်။ ဘာကြောင့် နာမည်ကြီးလာတာလဲလို့ ဖြေရမယ်ဆိုရင်တော့ သူ့ idea ကလည်း ရိုးရိုးလေးနဲ့ကို ဆန်းတယ်လို့ ပြောလို့ရမယ်ထင်တယ်။ Social network တွေ အများကြီး ရှိတဲ့အထဲကမှ သူက audio only ကို ရွေးချယ်ပြီး ဓာတ်ပုံဆိုရင်လည်း profile picture တစ်ခုတည်းကိုသာ ထားခွင့်ပေးပါတယ်။ ဖိတ်ခေါ်ခံရမှသာ အသုံးပြုခွင့်ရတဲ့ အခြေအနေက ပိုပြီး လူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားတာလို့ ကျွန်တော်ထင်ပါတယ်။ နောက်ပြီး Elon Musk တို့လို celebrity ကြီးတွေ join လာတာကလည်း တော်တော်လေးကို လူပြောများသွားခဲ့တာပါ။

အသုံးပြုတဲ့အတွေ့အကြုံ

စပြီး အသုံးပြုပြုခြင်းမှာတော့ သူ့ရဲ့ ရိုးရှင်းမှုကို စပြီးခံစားရပါတယ်။ ဘာမှ အများကြီး လုပ်စရာလည်းမရှိပါဘူး။ Friends တွေကို follow လုပ်၊ စိတ်ဝင်စားတဲ့ Topic အချို့ကို follow လုပ်ပြီး ပေါ်လာတဲ့ room တွေမှာ လိုက်ပြီး join လိုက်ရုံပါပဲ။ Audio only chat app ဖြစ်တာနဲ့ အညီ အသံ အရည်အသွေးကတော့ တော်တော်လေး ကောင်းပါတယ်။ Podcast တွေနဲ့ ကွာတာက သူက live ဖြစ်နေတာပါ။ ဘာကို သွားသတိရလဲဆိုရင် ကျွန်တော်တို့ barcamp တွေမှာ ဘယ်အခန်းက ဘာပြောနေလဲဆိုတာကို သိတဲ့အခါ ဝင်သွားပြီး နားထောင်နေရသလိုပါပဲ။ တစ်ကယ်လို့ စကားပြောချင်ရင်လည်း Raise Hand ခလုပ်လေးကို နှိပ်လိုက်ရင် Moderator က ခွင့်ပြုတဲ့အခါ ကိုယ်က speakers နေရာမှာ ရောက်သွားမှာ ဖြစ်ပါတယ်။

Speakers နေရာမှာ ဝင်ပြီး ပြောဖြစ်ခဲ့တဲ့ အခြေအနေ

အနာဂတ်မှာ ဘာဆက်ဖြစ်နိုင်လဲ

၂၀၂၁ ဇန်နဝါရီ လထဲမှာပဲ သူ့ကို investor တွေက funding လုပ်တာ ဒေါ်လာ $100 million တောင် ရှိနေပြီလို့ တစ်ချို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီမှာ အသေးစိတ် ဖတ်နိုင်ပါတယ်။

[

Clubhouse announces plans for creator payments and raises new funding led by Andreessen Horowitz – TechCrunch

Buzzy live-voice chat app Clubhouse has confirmed that it has raised new funding — without revealing how much — in a Series B round led by Andreessen Horowitz through the firm’s partner Andrew Chen. The app was reported to be raising at a $1 billion valuation in a report from The Information that la…

TechCrunchDarrell Etherington

](https://techcrunch.com/2021/01/24/clubhouse-announces-plans-for-creator-payments-and-raises-new-funding-led-by-andreessen-horowitz/)

Android အတွက်လည်း လုပ်နေတယ်လို့ သိရတာကြောင့် မကြာခင်မှာ လူသုံးများလာနိုင်မယ်လို့ ထင်ပါတယ်။ အဲ့တာထက် တခြား စိတ်ဝင်တစား စောင့်ကြည့်ရမှာက ပေါ်လာနိုင်တဲ့ ပြိုင်ဘက်တွေပါ။ ဈေးကွက်ထဲမှာ အသုံးပြုသူ ရရှိပြီးဖြစ်တဲ့ platform တစ်ချို့က audio room chatting တွေကို ထည့်လာနိုင်ပါတယ်။ Clubhouse မှာ record လုပ်လို့မရတာတွေ၊ စာရိုက်လို့မရတာတွေ အဲ့တာတွေကို ထည့်ပေးပြီး တစ်ချို့တွေ လုပ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း Audio Only လို့ ကြွေးကြော်ထားတဲ့ Clubhouse အနေနဲ့ ဘယ်လောက်ထိ investors တွေကို ဆွဲဆောင်နိုင်မယ့် ဆန်းသစ်မှုတွေနဲ့ အသုံးပြုသူတွေကို ဆက်ခေါ်သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

ဘယ်လို register လုပ်ရမလဲ

ခုနက ပြောခဲ့သလိုပဲ invite အလုပ်ခံရမှသာ အသုံးပြုလို့ရမှာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်သူငယ်ချင်းထဲကပဲဖြစ်ဖြစ် နီးစပ်ရာမှာ ပြောပြရင်း join လို့ရပါတယ်။ Invite အလုပ်ခံရတဲ့ ဖုန်းနံပါတ်နဲ့ register လုပ်ရမှာဖြစ်ပြီး Invite အလုပ်မခံရသေးခင်မှာလည်း username ကို reserve လုပ်ထားခွင့်တော့ ရှိပါတယ်။

Invite မရှိသေးပေမယ့် username ကို reserved လုပ်ထားတာပါ

Invite အလုပ်ခံရပြီးလို့ join လာပြီဆိုတာနဲ့ နောက်ထပ် လူ ၂ ယောက်ကို ထပ်ပြီး invite လုပ်ခွင့် ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အသုံးပြုရင် ပြုသလို invite လုပ်နိုင်တဲ့ အရေအတွက်ကို တိုးပေးသွားပါတယ်။ ကျွန်တော့မှာ နောက်ထပ် ၇ ယောက် Invite လုပ်ပေးလို့ရပါသေးတယ်။ iPhone လည်းသုံးနေတယ် စမ်းကြည့်ချင်တယ်ဆိုရင် invite လုပ်ပေးနိုင်ပါတယ်။ https://t.me/heinko ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ကျွန်တော့ရဲ့ Clubhouse https://www.joinclubhouse.com/@heinko မှာ follow လုပ်ပြီး မြန်မာနဲ့ပတ်သတ်တဲ့ room တွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

More from this blog

Away from Home, Again

ဒီဇင်ဘာကို ပြန်ရောက်လာပြန်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေအဖို့ ကိုယ့်မွေးရပ်မြေဆီ အိမ်ပြန်ချင်တဲ့ စိတ်က လူတိုင်းမှာ ရှိတတ်ကြပါတယ်။ အခုလို ဒီဇင်ဘာကာလ ဆိုရင် ခရစ်စမတ်၊ နှစ်သစ်ကူး ပိတ်ရက်တွေနဲ့ ပေါင်းပြီး ခွင့်ရက်ရှည် ရလေ့ရှိကြတာမို့ အိမ်ပြန်ကြသူတွေ...

Dec 20, 20223 min read
Away from Home, Again

ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်

တစ်ကယ်တော့ ကြယ်တွေ မစုံပါဘူး။ ကြယ်တွေကို မမြင်တာကြာတဲ့ ကျွန်တော် ဒီကနေ့ညနေ East Coast မှာ ညနေစာစားရင်း မိုးချုပ်သွားတော့ မထင်မှတ်ပဲ ကြယ်ကြည့်မိတယ်။ မမြင်တာကြာပြီဖြစ်လို့ ကြယ်တွေစုံလှချည်လားလို့ ထင်မှတ်မိသွားယုံပါ။ စင်ကာပူမှာ ကိုဗစ်တွေ ပြန်ပြီး ကူးစက်...

May 30, 20212 min read
ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်

AWS Lightsail ဖြင့် Outline VPN တည်ဆောက်နည်း

Outline VPN အကြောင်း အကျဉ်းချုပ်နဲ့ အမြန်ဆုံး တည်ဆောက်နည်းကို ဒီနေရာမှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီမှာတော့ Digital Ocean ကို 100$ ရယူပြီး တည်ဆောက်နည်းကို ပြောပြထားပါတယ်။ ဒီ AWS Lightsail မှာတော့ အဲ့ဒီလိုမရှိပါဘူး။ AWS အကောင့် အသစ် တစ်ခုမှာ Free Tie...

May 11, 20214 min read
AWS Lightsail ဖြင့် Outline VPN တည်ဆောက်နည်း
H

Heinko's Space

13 posts