Outline ကို သုံး၍ VPN Server တစ်ခု တည်ဆောက်ခြင်း

Search for a command to run...

No comments yet. Be the first to comment.
Article is developing and will be updated with new resources.

Cost of Living in Singapore

ဒီဇင်ဘာကို ပြန်ရောက်လာပြန်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေအဖို့ ကိုယ့်မွေးရပ်မြေဆီ အိမ်ပြန်ချင်တဲ့ စိတ်က လူတိုင်းမှာ ရှိတတ်ကြပါတယ်။ အခုလို ဒီဇင်ဘာကာလ ဆိုရင် ခရစ်စမတ်၊ နှစ်သစ်ကူး ပိတ်ရက်တွေနဲ့ ပေါင်းပြီး ခွင့်ရက်ရှည် ရလေ့ရှိကြတာမို့ အိမ်ပြန်ကြသူတွေ...
တစ်ကယ်တော့ ကြယ်တွေ မစုံပါဘူး။ ကြယ်တွေကို မမြင်တာကြာတဲ့ ကျွန်တော် ဒီကနေ့ညနေ East Coast မှာ ညနေစာစားရင်း မိုးချုပ်သွားတော့ မထင်မှတ်ပဲ ကြယ်ကြည့်မိတယ်။ မမြင်တာကြာပြီဖြစ်လို့ ကြယ်တွေစုံလှချည်လားလို့ ထင်မှတ်မိသွားယုံပါ။ စင်ကာပူမှာ ကိုဗစ်တွေ ပြန်ပြီး ကူးစက်...

Outline VPN အကြောင်း အကျဉ်းချုပ်နဲ့ အမြန်ဆုံး တည်ဆောက်နည်းကို ဒီနေရာမှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီမှာတော့ Digital Ocean ကို 100$ ရယူပြီး တည်ဆောက်နည်းကို ပြောပြထားပါတယ်။ ဒီ AWS Lightsail မှာတော့ အဲ့ဒီလိုမရှိပါဘူး။ AWS အကောင့် အသစ် တစ်ခုမှာ Free Tie...

Outline VPN ဆိုတာ တစ်ကယ်တော့ VPN ပေးတဲ့ service မဟုတ်ပါဘူး။ သူက VPN တည်ဆောက်ပေး တဲ့ ဆော့ဖ်ဝဲလ် တစ်ခုပါပဲ။ အင်တာနက် ဆင်ဆာ ကန့်သတ်မှုတွေ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို ဖြေရှင်းဖို့အတွက် Google ကနေ မတည်ပြီး လုပ်နေတဲ့ ကုမ္ပဏီခွဲလေး တစ်ခုပါ။ အရင်တုန်းက Google Ideas လို့ အမည်ရှိခဲ့ပြီး အခု Jigsaw လို့ အမည်ပေးထားပါတယ်။
သူက သာမန် VPN နည်းပညာ တစ်ခုကိုပဲ အပြောင်းအလဲ တစ်ချို့ ပြုလုပ်ပြီး မည်သူမဆို ကိုယ်ပိုင် VPN တွေ တည်ဆောက်နိုင်အောင် ဖန်တီးထားတဲ့ နည်းပညာပါပဲ။ Shadowsocks လို့ခေါ်တဲ့ ပရိုတိုကောလ် နည်းပညာကိုသုံးထားပါတယ်။ အဲ့ဒီနည်းပညာဟာ တရုတ်နိုင်ငံမှာတောင် အင်တာနက်ပိတ်ဆို့၊ ဖြတ်တောက်မှုတွေကို ကျော်လွှားနိုင်လို့ အသုံးများကြပါတယ်။
သာမာန် ဗီပီအန်(န်) တွေကို မသုံးစေချင်တဲ့အခါ ပိတ်ဆို့ပစ်ဖို့ဆိုရင် အရမ်းလွယ်ကူပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ အသုံးပြုတဲ့ အင်တာနက် လိပ်စာ (IP Address) တွေကို သိရင် ဘယ်လောက်ကနေ ဘယ်လောက်ထိ ban ထားမယ်ဆိုရင် အဲ့ဒီ vpn တွေကို သုံးလို့မရတော့ပါဘူး။ တစ်ချို့ အဆင့်မြင့်တဲ့ vpn တွေကို လည်း IP နဲ့ ပိတ်လို့မရရင်တောင်မှ သူတို့ အသုံးပြုတဲ့ လုံခြုံရေးနည်းလမ်း အချို့ကို ခန့်မှန်းပြီး ဆာဗာတွေကို ပိတ်ဆို့လို့ ရနိုင်ပါသေးတယ်။ ဒါက vpn က မလုံခြုံလို့မဟုတ်ပါဘူး။ vpn သုံးနေရင် ဘယ်ကနေ ဘယ်လို သုံးနေမှန်း မသိနိုင်တာကတော့ ရှိနေဆဲပါ။
အောက်လိုင်း နဲ့ဆိုရင် အခြား VPN တွေ အပိတ်ခံထားရရင်တောင် သူက အဆင်ပြေနေမှာပါ။ IP နဲ့ပိတ်သည်ဖြစ်စေ အသုံးပြုတဲ့ ကွန်ယက်အလိုက် ပိတ်သည်ဖြစ်စေ ခံနိုင်ရည်ရှိပါတယ်။ သူ့ ဆာဗာ IP ကို ပိတ်လိုက်ရင်တောင် နောက်ထပ်တစ်ခု အသစ် ထပ်လုပ်လိုက်ယုံပါပဲ။ သုံးထားတဲ့ နည်းပညာကလည်း VPN သုံးနေမှန်း အလွယ်တကူ မခန့်မှန်းနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒီနေရာမှာ ပိတ်တယ်ဆိုတာဟာ အင်တာနက် ချိတ်ဆက်မှု ရှိနေပေမယ့် Facebook/Messenger ကြည့်မရတာမျိုး၊ Website အချို့ကို ကြည့်မရအောင် ပိတ်ထားတာမျိုးကို ဆိုလိုပါတယ်။
ကိုယ်ပိုင် ဆာဗာ တစ်ခုကို တည်ဆောက်နိုင်ပြီး ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့သာ မျှဝေ သုံးစွဲသင့်ပါတယ်။ လူနည်းနည်း သုံးလေ ပိတ်ဆို့ဖို့ ခက်ခဲလေဖြစ်တာကြောင့် ပိုပြီး လုံခြုံမှု ဖြစ်စေပါတယ်။
သူ့မှာ ၂ မျိုး ရှိပါတယ်။ Outline Manager ဆိုတာကတော့ VPN ဆာဗာ တစ်ခု တည်ဆောက်ဖို့နဲ့ စီမံခန့်ခွဲဖို့ Desktop application (ကွန်ပျူတာနဲ့ အသုံးပြုရ) နဲ့ Outline Client ဆိုတဲ့ ဖုန်းတို့၊ ကွန်ပျူတာတို့မှာ ထည့်သွင်း အသုံးပြုနိုင်မည့် application ဖြစ်ပါတယ်။ လိုအပ်တဲ့ Access Key တွေကို Outline Manager နဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။

Amazon ရဲ့ Lightsail နဲ့ Outline VPN တည်ဆောက်နည်းကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ Digital Ocean ထပ်တော့ လုပ်ရတာ အဆင့်ပိုများပါတယ်။ တစ်လစာတော့ အခမဲ့ သုံးလို့ရနိုင်ပါတယ်။ တစ်လကို 3.5$ သာ ကုန်ကျမယ့် Instance Plan လည်းရှိပါတယ်။
လိုအပ်ချက်များ
အင်တာနက် ချိတ်ဆက်ထားသည့် ကွန်ပျူတာ တစ်လုံး (Windows/Linux/MacOS)
Credit/Debit Card (သို့မဟုတ်) Paypal အကောင့်
Digital Ocean ဆိုတဲ့ ဆာဗာ အကောင့် တစ်ခု ရှိရပါမယ်။ မရှိသေးဘူးဆိုရင် ဒီလိပ်စာ https://m.do.co/c/58b19902bc1f ကို သုံးပြီး အကောင့် အသစ်တစ်ခု ဖွင့်တာနဲ့ အဲ့ဒီ အကောင့်ထဲမှာ အမေရိကန် ဒေါ်လာ ၁၀၀ ဖိုး Credit လက်ဆောင်ရပါမယ်။ အဲ့ဒီ ဒေါ်လာ ၁၀၀ ဟာ ရက် ၆၀ ပဲ သုံးလို့ရမှာပါ။ ရက် ၆၀ ကျော်သွားရင် ငွေပေးချေဖို့အတွက် Payment Method ထည့် ပေးထားရပါမယ်။ စိတ်မပူပါနဲ့ ချက်ချင်း ငွေမဖြတ်ပါဘူး။ Credit/Debit card (သို့မဟုတ်) Paypal အကောင့်ကို ထည့်ပေးထားလိုက်ပါ။

https://getoutline.org/get-started/ ကို သွားပြီး Outline Manager ကို ဒေါင်းလုဒ် ရယူပါ။ Digital Ocean အောက်မှာ Create Server ကို နှိပ်ပြီး Digital Ocean နဲ့ Outline Manager ချိတ်ဆက်မှုကို ဆောက်ရွက်ပါ။

ထို့နောက် ဆာဗာ ထားရှိမည့် နိုင်ငံကို ရွေးပါ ပုံ (၂) ။ မြန်မာနိုင်ငံအတွက် (စင်္ကာပူ၊ အိန္ဒိယ) တို့ကို ရွေးဖို့အကြံပြုပါတယ်။ မိနစ် အနည်းငယ် စောင့်ပြီးနောက် အလိုအလျောက် ဆာဗာ ကို တည်ဆောက်သွားပါလိမ့်မယ်။ တည်ဆောက်ပြီးပြီဆိုလျင် ပုံ (၁) ဘယ်ဘက် အခြမ်း မှာပြထားသလို Digital Ocean Servers ဆိုပြီး ပေါ်လာပါလိမ့်မယ်။

တည်ဆောက်ထားတဲ့ ဆာဗာကို ချိတ်ဆက်ဖို့အတွက် ကုဒ်နံပါတ်တွေပါတဲ့ Access Key လိုအပ်ပါတယ်။ ဆာဗာအပေါ်ကို နှိပ်လိုက်မယ်ဆိုရင် အောက်က ပုံမှာပြထားတဲ့အတိုင်းပဲ Add New Key ကို နှိပ်ပြီး ထုတ်ယူနိုင်ပါပြီ။ Key ကို မျှဝေဖို့အတွက် ညာဘက်မှာ ရှိတဲ့ ချိတ်ဆက်မှု ပုံကလေးကနေပြီး Copy Access Key ရဲ့ အနောက်မှာ ရှိတဲ့ ss:// နဲ့ စပြီး outline=1 နဲ့ ဆုံးတဲ့အထိ ကူးယူပြီး မိမိ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု ဝင် တစ်ယောက်ချင်းစီအတွက် key တစ်ခု ချင်းစီ ထုတ်ယူပြီး ပေးပို့လိုက်ပါ။
Digital Ocean ရဲ့ Basic droplet Basic တစ်လုံးနဲ့ တည်ဆောက်တာမို့ သူ့ရဲ့ တစ်လအတွင်း ဒေတာ အသုံးပြုနိုင်မှုက 1 TB (1000 GB) သာ ပါဝင်ပါတယ်။ ဆာဗာ ရဲ့ ကုန်ကျနှုန်းက ၁ လ ကို 5 USD ဖြစ်ပါတယ်။ အဲ့တာကြောင့် 1 TB ထက် ပိုမိုပြီး ဒေတာ အသုံးပြုခဲ့မယ်ဆိုရင် 1 GB ကို $0.01 နှုန်းနဲ့ ထည့်တွက်မှာဖြစ်ပါတယ်။ (သို့သော် ရက် ၆၀ စာ ဒေါ်လာ ၁၀၀ ရှိထားလို့ အေးအေးဆေးဆေး လောက်ငှပါတယ်။ ရက် ၆၀ ကျော်သွားရင် ဖြတ်မယ့် ပမာဏာကို အဲ့ဒီ ၂ လ အတွင်းမှာ သိနိုင်ပါပြီ။)
Access Key တစ်ခုကို လူအများကြီး အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် လုံခြုံရေးအရ **အဲ့ဒီလို သုံးဖို့ အကြံမပေးလိုပါဘူး။**Access Key ထုတ်ယူမှုက ကန့်သတ်ချက် မရှိတာကြောင့် တစ်ယောက်ချင်းစီကို နာမည်နဲ့တကွ ထုတ်ပေးခြင်းဖြင့် ပိုပြီး လုံခြုံမှု ရှိသလို၊ ပိုပြီးလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ - အဲ့ဒီ key က ပြဿနာ တစ်ခု ရှိရင် ဖျက်ပြီး အသစ်လုပ်ပေးလိုက်တာမျိုးပါ။ ဒေတာ အသုံးပြုမှုကို ကန့်သတ်ခြင်းတွေလည်း ပြုလုပ်နိုင်ပါတယ်။
ဘယ်ကမှန်းမသိတဲ့ Key တွေနဲ့ အရေးကြီး ဆက်သွယ်မှုတွေကို မသုံးသင့်ပါ။ မိမိဟာ ဒီလို အလွယ်တကူ ဆာဗာ တည်ဆောက်နိုင်မယ့် အခြေအနေရှိတယ်ဆိုရင် ချက်ခြင်း တည်ဆောက်လိုက်ပါ။ နောက်ပြီး ကိုယ့်ကို စိတ်ချ၊ ယုံကြည်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို တစ်ယောက်စီ Access Key ထုတ်ပြီး ပေးသုံးပါ။
ဆိုင်ဖွန် (Psiphon) VPN ကတော့ အလိုအလျောက် ဆာဗာ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်တာမို့ မိုဘိုင်လ်းအင်တာနက် မရတဲ့သူများအတွက် ရှိထားသင့်ပါတယ်။ ဒါပေမယ့် အင်တာနက် အမြန်နှုန်းကတော့ နှေးတယ်လို့ ပြောကြပါတယ်။ https://heinkolwin.com/psiphon-vpn-myanmar/ ပိုမိုလေ့လာပါ။
အခု လုပ်ခဲ့သမျှ အားလုံးဟာ ကိုယ်ပိုင် သီးသန့် ဗီပီအန်န် (private VPN) တစ်ခုကို Digital Ocean နဲ့ တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ Facebook, Messenger အစရှိတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုလို့မရအောင် ဘန်းထားတာတွေကို ကျော်လွှားနိုင်တာဖြစ်ပါတယ်။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က အဲ့တာပါပဲ။
အခု မြန်မာနိုင်ငံမှာ မိုဘိုင်းလ် အင်တာနက်တွေကို အင်တာနက်ပိတ်ထားတာကို Outline VPN နဲ့ ကျော်ဖို့ဆိုရင် Cloud Service Provider တွေဖြစ်တဲ့ AWS၊ GCP၊ Digital Ocean အစရှိသဖြင့် ဘယ်ကနေရနေလဲ သိဖို့လိုပါမယ်။ ဘယ် Location မှာ ရနေလဲ သိဖို့လိုပါမယ်။ တခါတရံ ပွင့်နေတဲ့ port တွေပါ သိဖို့လိုပါမယ်။
အဲ့ဒီအချက်အလက်တွေက တသတ်မတ်ထဲမရှိပါဘူး။ သက်ဆိုင်ရာ Operator တွေကနေ အချိန်မရွေးပြောင်းလဲနေပါတယ်။ ကိုယ်က ဒီလိုအချက်အလက်တွေကို သိလာတယ်ဆိုရင် လူမှုကွန်ယက်ပေါ်မှာ လျောက်ပြီး မတင်သင့်ပါဘူး။ ကိုယ့်အချင်းချင်းကနေပဲ တီးတိုးပြောပြီး မျှဝေခြင်း ဖြင့် အင်တာနက် ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့ ကြိုးစားသင့်ပါတယ်။
Reference: Outline VPN - Access to the free and open internet (getoutline.org)