၁၇၈၆ ခုနစ်က အရှေ့တောင်အာရှ ရဲ့ မြေပုံ

၁၇၈၆ ခုနစ်က အရှေ့တောင်အာရှ ရဲ့ မြေပုံ

·

1 min read

၁၇၈၆ ခုနစ်က အရှေ့တောင်အာရှ ရဲ့ မြေပုံ

Mar 21, 2021 1 min read ASEAN

၁၇၈၆ ခုနစ်က အရှေ့တောင်အာရှ ရဲ့ မြေပုံ

ASEAN Heritage & History ဆိုတဲ့ Facebook Page တစ်ခုကနေ ဒီမြေပုံတစ်ခုကို တင်ထားတာ တွေ့လို့ ပြန်ပြီး share လိုက်ပါဦးမယ်။ 𝗧𝗵𝗲 𝗺𝗮𝗽 𝗼𝗳 𝗺𝗮𝗶𝗻𝗹𝗮𝗻𝗱 𝗦𝗼𝘂𝘁𝗵𝗲𝗮𝘀𝘁 𝗔𝘀𝗶𝗮 𝗯𝗲𝗳𝗼𝗿𝗲 𝗘𝘂𝗿𝗼𝗽𝗲𝗮𝗻 𝗼𝗰𝗰𝘂𝗽𝗮𝗻𝗰𝘆 လို့ ရေးထားပေမယ့် နည်းနည်းပါးပါး သမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါ ၁၆ ရာစု ၁၇ ရာစု ခေတ်ကတည်းက ဒတ်ချ်၊ ပေါ်တူဂီ၊ စပိန် အစရှိသဖြင့် ဥရောပတိုက်သားတို့က ရောက်နေကြပြီး ဖြစ်ပါတယ်။ နောက်မှ ပြင်သစ်တို့ ဗြိတိသျှ တို့ကပါ နယ်ချဲ့လာကြတာ ဖြစ်ပါတယ်။

အိန္ဒိယကို ဗြိတိသျှတွေ ကိုလိုနီ ပြုလုပ်နေတဲ့ ကာလအတွင်း ကမ္ဘာ့မြေပုံနဲ့ အခြား မြေပုံတွေကို ရေးဆွဲခဲ့တဲ့ Samuel Dunn ဆိုတဲ့ ဗြိတိသျှ သင်္ချာပညာရှင် တစ်ယောက်ဟာ ၁၇၈၆ ခုနစ်မှာလည်း ဒီ အရှေ့တောင်အာရှ မြေပုံကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီမြေပုံတွေကို အဲ့ဒီ အချိန်တွေတုန်းက လန်ဒန်မှာလည်း ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

၁၇၈၆ ဆိုတော့ မြန်မာ့သမိုင်းကို ပြန်ယှဉ်ကြည့်ရရင် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား (သို့) ဗဒုံမင်း နန်းတက်နေချိန် ဖြစ်ပါလိမ့်မယ်။ တတိယမြန်မာနိုင်ငံတော်လို့ လူသိများတဲ့ အလောင်းမင်းတရားကြီးရဲ့ အင်ပါယာ ထူထောင်ပြီးခါစမို့ ရခိုင်၊ ပဲခူး၊ ယိုးဒယား တို့ကိုပါ သိမ်းပိုက်ထားနိုင်တာမို့ အဝါရောင် ခြယ်ပေးထားတာကို တွေ့ရပါမယ်။

ပုံဟာ Resolution အတော်ကောင်းတာကြောင့် ဆိုဒ်လည်းကြီးသလို နာမည် အသေးလေးတွေကိုပါ ဆွဲချဲ့ပြီးကြည့်လို့ရပါတယ်။ အောက်မှာ တင်ထားပေးပါမယ်။ Loading မတတ်သေးရင် အနည်းငယ် စောင့်ပြီးကြည့်ပေးပါ။

Full Resolution ပုံအတွက် ဒီမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။