Skip to main content

Command Palette

Search for a command to run...

၁၇၈၆ ခုနစ်က အရှေ့တောင်အာရှ ရဲ့ မြေပုံ

Updated
1 min read
၁၇၈၆ ခုနစ်က အရှေ့တောင်အာရှ ရဲ့ မြေပုံ

၁၇၈၆ ခုနစ်က အရှေ့တောင်အာရှ ရဲ့ မြေပုံ

Mar 21, 2021 1 min read ASEAN

၁၇၈၆ ခုနစ်က အရှေ့တောင်အာရှ ရဲ့ မြေပုံ

ASEAN Heritage & History ဆိုတဲ့ Facebook Page တစ်ခုကနေ ဒီမြေပုံတစ်ခုကို တင်ထားတာ တွေ့လို့ ပြန်ပြီး share လိုက်ပါဦးမယ်။ 𝗧𝗵𝗲 𝗺𝗮𝗽 𝗼𝗳 𝗺𝗮𝗶𝗻𝗹𝗮𝗻𝗱 𝗦𝗼𝘂𝘁𝗵𝗲𝗮𝘀𝘁 𝗔𝘀𝗶𝗮 𝗯𝗲𝗳𝗼𝗿𝗲 𝗘𝘂𝗿𝗼𝗽𝗲𝗮𝗻 𝗼𝗰𝗰𝘂𝗽𝗮𝗻𝗰𝘆 လို့ ရေးထားပေမယ့် နည်းနည်းပါးပါး သမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါ ၁၆ ရာစု ၁၇ ရာစု ခေတ်ကတည်းက ဒတ်ချ်၊ ပေါ်တူဂီ၊ စပိန် အစရှိသဖြင့် ဥရောပတိုက်သားတို့က ရောက်နေကြပြီး ဖြစ်ပါတယ်။ နောက်မှ ပြင်သစ်တို့ ဗြိတိသျှ တို့ကပါ နယ်ချဲ့လာကြတာ ဖြစ်ပါတယ်။

အိန္ဒိယကို ဗြိတိသျှတွေ ကိုလိုနီ ပြုလုပ်နေတဲ့ ကာလအတွင်း ကမ္ဘာ့မြေပုံနဲ့ အခြား မြေပုံတွေကို ရေးဆွဲခဲ့တဲ့ Samuel Dunn ဆိုတဲ့ ဗြိတိသျှ သင်္ချာပညာရှင် တစ်ယောက်ဟာ ၁၇၈၆ ခုနစ်မှာလည်း ဒီ အရှေ့တောင်အာရှ မြေပုံကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီမြေပုံတွေကို အဲ့ဒီ အချိန်တွေတုန်းက လန်ဒန်မှာလည်း ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

၁၇၈၆ ဆိုတော့ မြန်မာ့သမိုင်းကို ပြန်ယှဉ်ကြည့်ရရင် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား (သို့) ဗဒုံမင်း နန်းတက်နေချိန် ဖြစ်ပါလိမ့်မယ်။ တတိယမြန်မာနိုင်ငံတော်လို့ လူသိများတဲ့ အလောင်းမင်းတရားကြီးရဲ့ အင်ပါယာ ထူထောင်ပြီးခါစမို့ ရခိုင်၊ ပဲခူး၊ ယိုးဒယား တို့ကိုပါ သိမ်းပိုက်ထားနိုင်တာမို့ အဝါရောင် ခြယ်ပေးထားတာကို တွေ့ရပါမယ်။

ပုံဟာ Resolution အတော်ကောင်းတာကြောင့် ဆိုဒ်လည်းကြီးသလို နာမည် အသေးလေးတွေကိုပါ ဆွဲချဲ့ပြီးကြည့်လို့ရပါတယ်။ အောက်မှာ တင်ထားပေးပါမယ်။ Loading မတတ်သေးရင် အနည်းငယ် စောင့်ပြီးကြည့်ပေးပါ။

Full Resolution ပုံအတွက် ဒီမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

More from this blog

Away from Home, Again

ဒီဇင်ဘာကို ပြန်ရောက်လာပြန်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေအဖို့ ကိုယ့်မွေးရပ်မြေဆီ အိမ်ပြန်ချင်တဲ့ စိတ်က လူတိုင်းမှာ ရှိတတ်ကြပါတယ်။ အခုလို ဒီဇင်ဘာကာလ ဆိုရင် ခရစ်စမတ်၊ နှစ်သစ်ကူး ပိတ်ရက်တွေနဲ့ ပေါင်းပြီး ခွင့်ရက်ရှည် ရလေ့ရှိကြတာမို့ အိမ်ပြန်ကြသူတွေ...

Dec 20, 20223 min read
Away from Home, Again

ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်

တစ်ကယ်တော့ ကြယ်တွေ မစုံပါဘူး။ ကြယ်တွေကို မမြင်တာကြာတဲ့ ကျွန်တော် ဒီကနေ့ညနေ East Coast မှာ ညနေစာစားရင်း မိုးချုပ်သွားတော့ မထင်မှတ်ပဲ ကြယ်ကြည့်မိတယ်။ မမြင်တာကြာပြီဖြစ်လို့ ကြယ်တွေစုံလှချည်လားလို့ ထင်မှတ်မိသွားယုံပါ။ စင်ကာပူမှာ ကိုဗစ်တွေ ပြန်ပြီး ကူးစက်...

May 30, 20212 min read
ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်

AWS Lightsail ဖြင့် Outline VPN တည်ဆောက်နည်း

Outline VPN အကြောင်း အကျဉ်းချုပ်နဲ့ အမြန်ဆုံး တည်ဆောက်နည်းကို ဒီနေရာမှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီမှာတော့ Digital Ocean ကို 100$ ရယူပြီး တည်ဆောက်နည်းကို ပြောပြထားပါတယ်။ ဒီ AWS Lightsail မှာတော့ အဲ့ဒီလိုမရှိပါဘူး။ AWS အကောင့် အသစ် တစ်ခုမှာ Free Tie...

May 11, 20214 min read
AWS Lightsail ဖြင့် Outline VPN တည်ဆောက်နည်း
H

Heinko's Space

13 posts