Skip to main content

Command Palette

Search for a command to run...

Music

ဟိုးအရင်တုန်းက သီချင်းနားထောင်ချင်ရင် Download ဆွဲကြရတယ်။ Mp3 devices လေးတွေထဲ ထည့်ကြတယ်။ ကွန်ပျူတာတွေ ဝယ်နိုင်လာကြတော့ လည်း Folder တွေဆောက်၊ သီချင်းတွေ စုပြီး နားထောင်ကြရပြန်တယ်။ ဒီဘက် streaming ခေတ်မှာတော့ Apple Music, Spotify, Joox တွေနဲ့ အဆင်ပြေနေကြတာပေါ့။ တစ်ချို့သီချင်းတွေကိုတော့ အဲ့ဒီ platform တွေမှာ ပြန်ရှာဖို့ ခက်သွားပါတယ်၊ ဘာလို့လဲဆိုတော့ UG ခေတ်က ထွက်လာကြတာတွေရှိတယ်။ အင်တာနက်မှာ publish မလုပ်ဖြစ်လိုက်တဲ့ သီချင်းလေးတွေ ရှိတယ်။ အဲ့တာလေးတွေက Soundcloud မှာ အများကြီး ရှိနေပါသေးတယ်။ ဒီ playlist ကတော့ နားထောင်မိသမျှ သီချင်းဟောင်းလေးတွေ စုထားပေးထားတာ။ ကိုယ့်ဘာသာကိုယ်လည်း နားထောင်ဖြစ်နေတာမို့ ဒီမှာ စာမျက်နှာ တစ်ခုဖွင့်ပြီး share ပေးထားလိုက်ပြီ။ အလုပ်လုပ်ရင်းဖြစ်ဖြစ်၊ ခရီးသွားရင်းဖြစ်ဖြစ် ပြန်နားထောင်ရင်း ဟိုးအရင်တုန်းက feelings လေးတွေ ပြန်ပြီး အတူတူ ခံစားကြမယ်။ သီချင်းဟောင်းလေးတွေ အသစ်ထပ်တွေ့ရင်လည်း ဒီ list ထဲမှာ ထပ်ထည့်ပေးသွားပါမယ်။