# Contagion ဇာတ်ကား နဲ့ ကိုဗစ်ကို ယှဉ်ကြည့်ခြင်း

[![Contagion ဇာတ်ကား နဲ့ ကိုဗစ်ကို ယှဉ်ကြည့်ခြင်း](https://cdn.hashnode.com/res/hashnode/image/upload/v1676859235543/d94259b1-33dc-4f2b-8abb-c44d3877ffa1.jpeg)](https://heinkolwin.com/contagion-movie-and-covid/)

အခုနောက်ပိုင်း covid 19 ကြောင့်  
ပြန်ပြီး ရေပန်းစားလာတဲ့ Contagion ဆိုတဲ့  
ဇာတ်ကား မနေ့ညက ပြန်ရှာကြည့်ဖြစ်တယ်...

2009 H1N1 ပြီးနောက်  
MEV-1 virus အသစ်ပေါ်လာတဲ့အခါ  
ဖြစ်ပျက်ကြရပုံကို စိတ်ကူးယဉ်ဇာတ်လမ်း အနေနဲ့  
2011 မှာ ရိုက်ထားတာပါ

နာမည်ကြီး မင်းသားမင်းသမီးတွေ ပါဝင်ပြီး  
ဟောလိဝုဒ် ဇာတ်ကားဆိုတော့ တကယ့်  
ဖြစ်နိုင်ခြေတွေကို ထည့်ပြီး ရိုက်ခဲ့တာဖြစ်မယ်  
အခု CoVid-19 နဲ့ အတော်များများသွားတူနေတယ်

ကွာသွားတာက အခု mortality rate က ဇာတ်ကားထဲကလောက် မများသေးဘူး  
ပြီးတော့ ကုသဆေးထွက်ပြီဆိုပြီး ကောလဟာလ  
လွှင့် လုပ်စားသွားတဲ့အကွက်ကိုပါ ထည့်သွားတယ်

မကြာခင်လဲ အခု covid-19 မှာ အဲ့လို ကောလဟာလ ထွက်လာကြတော့မယ်ထင်တယ်..

ဆက်ပြီးတွေးမိတာက  
တစ်ကယ့် ကုသဆေးထွက်လာရင်တောင်  
ထုတ်နိုင်တဲ့နိုင်ငံက ရောင်းမှာလား  
တစ်ကမ္ဘာလုံးအတိုင်းအတာ  
ဘယ်လို ဖြန့်ဖြူးကြမှာလဲ  
နီးစပ်ရာ အခွင့်ထူးခံလူတွေကပဲ  
တစ်ကယ် ဆေးအရင်ရကြမလား  
စဉ်းစားစရာတွေပဲ

_This post is taken from my [Facebook post](https://www.facebook.com/100001152283293/posts/2766551406726575/)_
